လောင်းဘိုလေးရွာ၊ ထီးလင်းမြို့နယ်
လောင်းဘိုလေးရွာ သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၀၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိုင်းမကျေးရွာအုပ်စုတွင် ကျား ၅၈၆ ဦး၊ မ ၆၄၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၃၀ ဦးနေထိုင်သည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လောင်းဘိုလေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ၊ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ တာဝန်ခံအပါအဝင် အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား လေးဦး၊ ပေါင်း ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
Read article